Mozilla မှ Firefox ၏ အမှားကိုးခုအားပြင်ဆင်ပေးခဲ့

Written by admin on 24.06.2010 | Technology

ကမ္ဘာ့အမြန်ဆုံး Browser ဟု အများကလက်ခံထားသည့် Mozilla မှ သူ၏အမှားကိုးခုအားလွန်ခဲ့သောအင်္ဂါနေ့၌ပြင်ဆင်ဖာထေးပြီးဖြစ်ပြီဟုဆိုပါတယ် ။ ယင်းအမှားကိုးခုအနက် အရေးကြီးသော ၆ ခုတို့မှာ Mizilla Firefox 3.6 နှင့် Firefox 3.5 တို့၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် ။
သို့ပေမယ့် ကုမ္ပဏီမှ Mozilla Firefox ဗားရှင်း 3.6.4 မှ လုံးခြုံရေးယိုပေါက်များထက် အသုံးပြုနေစဉ် Crashes ဖြစ်သွားခြင်းများကို ကာကွယ်နိုင်ရန်ပိုပြီးအလေးထားခဲ့ပါတယ် ။
Firefox ဗာရှင်း 3.6.4 နှင့် 3.5.10 တို့တွင်အမှားကိုးခုအားပြင်ဆင်နိုင်ရန်အတွက် patch ၁၀ ခုထုတ်လုပ်ထားပါတယ် ။ ယင်းအမှားကိုးခုအနက်မှ တစ်ခုအား patch နှစ်ခုမှဖြေရှင်းပေးရသည့်အတွက် ၁၀ ခုထုတ်လုပ်လိုက်ရခြင်းဖြစ်ပါတယ် ။
ဗားရှင်းနှစ်ခုစလုံးအတွက် အမှားကိုးခုအနက် ၆ ခုမှာ အရေးကြီးသော security ယိုပေါက်များကိုဖြစ်ပေါ်စေပါတယ် [...]

Google မှ Command Line များဖြင့်အသုံးပြုနိုင်သော GoogleCL အားမိတ်ဆက်

Written by admin on 24.06.2010 | Technology

ယနေ့ အင်တာနက်ဝန်ဆောင်မှုများစွာအားဆောင်ရွက်ပေးနေသည့်
ဝဘ်ဆိုဒ်ရှာဖွေရေးအင်ဂျင်တစ်ခုအဖြစ်လူသိများတဲ့
Google က command line များဖြင့်အသုံးပြုနိုင်သော Tools အသစ်တစ်ခုဖြင့် ၄င်းရဲ့ ၀န်ဆောင်မှုများအားအသုံးပြုနိုင်ရန်အတွက် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
GoogleCL အား open-source software
အဖြစ် Linux , တွင်သာမက Mac, နှင့် Windows စသော
operating Systems များကိုလည်း support လုပ်ပါတယ်။ အသုံးပြုသူများက Google Sites များတွင် GoogleCL မှတဆင့် command line များဖြင့်အသုံးပြုနိုင်ပြီဖြစ်ပါတယ် ။
GoogleCL ဆိုသည်မှာ command-line utility တစ်ခုဖြစ်ပြီး Google ရဲ့ အမျိုးမျိုးသောဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ Google Inc ရဲ့ အင်ဂျင်နီယာဖြစ်သူ Jason Holt နဲ့ Tom Miller တို့ရဲ့ blog [...]

လက်ရှိအခြေအနေ

Written by admin on 14.03.2010 | Technology

ဘလော့မရေးဖြစ်တာ အတော်ကြာသွားတယ် ။ ဘာမှန်းမသိတဲ့ကိစ္စတွေနဲ့ ရှုပ်ရှက်ခက်နေလိုက်တာ အချိန် တစ်နှစ်ကျော်ကျော် ကုန်သွားတယ် ။ ရောဂါလည်းစုံသွားတယ် ။ အတွေ့အကြုံလည်း တော်တော်ရလိုက်တယ် ။ အိုင်တီနဲ့ ပတ်သက်တဲ့လေ့လာမှု ကတော့အရင်အတိုင်း တရွေ့ရွေ့ပါပဲ ။ ပြန်လည်မျှဝေဖို့ အတွက် အချိန်နည်းနည်းပေးနိုင်တာနဲ့ ပို့စ်အသစ်တွေထပ်တင်မယ် ။

Java နှင့်မိတ်ဆက်ခြင်း

Written by lupyo on 29.04.2009 | Technology

Object-Oriented Programming language တစ်ခုဖြစ်တဲ့ Java ကို Sun Microsystem မှ 1991 June မှာ set-top box projects အတွက် James Gosling က တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး အမည်မှာ 0ak ဖြစ်ပြီး Sun Microsystem office ရဲ့အပြင်ဖက်မှာပေါက်နေတဲ့ ၀က်သစ်ချပင်ကြီးကို အစွဲပြု၍ ခေါ်တွင်ခဲ့သည်ဟု သိရပါတယ်။
syntax တည်ဆောက်ပုံကတော့ C & C++ တို့နဲ့ဆင်တူပါတယ် ။ Platform အပေါ်မှီခိုမှုမရှိတဲ့ Java virtual Machine ကြောင့် Java ဟာ Write Once Run Anywhere (WORA) တစ်ကြိမ်ရေး မည်သည့် Operating [...]

MZ’s Second Anniversary Research Paper & Presentation

Written by lupyo on 28.04.2009 | Technology

အွန်လိုင်း ဈေးကွက်နှင့် ငွေပေးခြေမှု
ယခုမျက်မှောက်ခေတ်၏ အိုင်တီနည်းပညာ ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု နှင့်လက်ရှိရင်ဆိုင်ကြုံတွေ့နေကြရသော သတင်းအချက်အလက် နည်းပညာဈေးကွက်၏ စိန်ခေါ်မှုများအား နိုင်ငံ အသီးသီးမှ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရင်ဆိုင်ဖြေရှင်းနေကြသည့်နည်းတူ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ နောင်တွင်ဖြစ်ပေါ်လာမည့် အိုင်တီဈေးကွက်အား ၀င်ရောက်နိုင်ရေးတွင် အွန်လိုင်းငွေပေး ခြေမှုသည်လည်း အရေးပါသော ကဏ္ဍတစ်ခုအဖြစ်ပါဝင်လျက်ရှိသည်။
ယခုအချိန်၌ လက်ရှိအခြေအနေအားဖြင့် အွန်လိုင်းငွေပေးခြေမှုသည် ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်နေကြရုံမျှသာဖြစ်သော်လည်း ခေတ်ရေစီးကြောင်းနှင့်အညီ မလွှဲမသွေ ရင်ဆိုင်ကြုံတွေ့ရမည့် အိုင်တီနည်းပညာ နှင့် အိုင်တီဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု၌ မရှိမဖြစ်လိုအပ်သော အွန်လိုင်းငွေပေးခြေမှု Electronic Payment (E-Payment) စသည် စသည်တို့အား ကျွန်ုပ်တို့ သိရှိနားလည်သဘော ပေါက်ရန်နှင့် အကောင်အထည်ဖေါ်ဆောင်ရွက်ရန် လိုအပ်သည် ။ ထိုသို့ ဆောင်ရွက်ရာတွင် အသိပညာရှင်များ ၊ အတတ်ပညာရှင်များနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းရှင်များ အားလုံး စုစည်း [...]

About Me

Written by admin on 10.09.2008 | ခံစားမှု

ကျွန်တော် …..
ကျွန်တော့်အကြောင်းတော့ကျွန်တော်သိပ်မသိပါ ..။
အမေနှင့်အဖေကမွေးပြီး အချိန်တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးရင်းဖြင့်
၁၉ နှစ်ကျော်ကျော်ထဲသို့ဝင်ရောက်ဆဲ …..
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ၏တတိယနှစ်စာမေးပွဲအားပူပူနွေးနွေးဖြေဆိုထားပြီး
IT နှင့်ပတ်သတ်သောအရာမှန်သမျှကိုစူးစမ်းလေ့လာနေဆဲ Learner …..