MZ’s Second Anniversary Research Paper & Presentation
အွန်လိုင်း ဈေးကွက်နှင့် ငွေပေးခြေမှု
ယခုမျက်မှောက်ခေတ်၏ အိုင်တီနည်းပညာ ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု နှင့်လက်ရှိရင်ဆိုင်ကြုံတွေ့နေကြရသော သတင်းအချက်အလက် နည်းပညာဈေးကွက်၏ စိန်ခေါ်မှုများအား နိုင်ငံ အသီးသီးမှ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရင်ဆိုင်ဖြေရှင်းနေကြသည့်နည်းတူ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ နောင်တွင်ဖြစ်ပေါ်လာမည့် အိုင်တီဈေးကွက်အား ၀င်ရောက်နိုင်ရေးတွင် အွန်လိုင်းငွေပေး ခြေမှုသည်လည်း အရေးပါသော ကဏ္ဍတစ်ခုအဖြစ်ပါဝင်လျက်ရှိသည်။
ယခုအချိန်၌ လက်ရှိအခြေအနေအားဖြင့် အွန်လိုင်းငွေပေးခြေမှုသည် ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်နေကြရုံမျှသာဖြစ်သော်လည်း ခေတ်ရေစီးကြောင်းနှင့်အညီ မလွှဲမသွေ ရင်ဆိုင်ကြုံတွေ့ရမည့် အိုင်တီနည်းပညာ နှင့် အိုင်တီဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု၌ မရှိမဖြစ်လိုအပ်သော အွန်လိုင်းငွေပေးခြေမှု Electronic Payment (E-Payment) စသည် စသည်တို့အား ကျွန်ုပ်တို့ သိရှိနားလည်သဘော ပေါက်ရန်နှင့် အကောင်အထည်ဖေါ်ဆောင်ရွက်ရန် လိုအပ်သည် ။ ထိုသို့ ဆောင်ရွက်ရာတွင် အသိပညာရှင်များ ၊ အတတ်ပညာရှင်များနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းရှင်များ အားလုံး စုစည်း ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံမှုသည် လည်း လွန်စွာအရေးပါလှသည် ။ ထို့အပြင် မိမိတို့ ပတ်ဝန်းကျင် အနေအထား ၊ ဓလေ့စရိုက် နှင့် ရရှိနိုင်သည့် အရင်းအမြစ်အပေါ်တွင်လည်း များစွာမှီခိုလျက်ရှိသည် ။ မည့်သည့် စနစ်ပင်မဆို အဆိုးနှင့်အကောင်း သည်ဒွန်တွဲလျက်ရှိသည်ဖြစ်သဖြင့် အဆိုးများအားကြည့်၍ မဖြစ်သင့် မဖြစ်နိုင်ဟု ဆို၍မရနိုင်သလို အကောင်းချည်းသက်သက်သာ ကြည့်၍ လုပ်ဆောင်မှုတိုင်း အောင်မြင်မည်ဟုတထစ်ချယူဆ၍မရနိုင်ပေ ။ သို့သော် ယခုမျက်မှောက်ခေတ် ၏အိုင်တီဖွံ့ဖြိုးတိုးတတ်မှုနှင့် အညီ အိုင်တီ နယ်ပယ်၌ လုပ်ကိုင်နေသူများ ၊ လေ့လာနေသူများအားလုံး အိုင်တီနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုများအား မျက်ခြေပြတ် နောက်ကျကျန်နေခဲ့၍မဖြစ်သည်ဖြစ်၍ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း သိရှိနားလည်ထားရန်လိုအပ်ပေသည် ။ ကမ္ဘာနှင့်အ၀ှမ်း အသုံးပြုနေသော စနစ်များအား သဘောပေါက်နားလည်ထားပါမှ ကျွန်ုပ်တို့ နိုင်ငံနှင့်ကိုက်ညီမည့် တိုးတတ်ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းဆောင်တာ များအား မည်သို့မည်ပုံ စတင်အကောင်အထည်ဖော်ရမည် ၊ မည်သို့ ပြင်ဆင်မွမ်းမံသင့်သည် ၊ စသည်ဖြင့် ဆုံးဖြတ်ရာတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သည် ။
အွန်လိုင်း ဈေးကွက် (နှင့်) နည်းပညာဈေးကွက်
ဈေးကွက်ဟုဆိုရာ ၌ ရောင်းသူ နှင့် ၀ယ်သူအပြင် ရောင်းချမည့် (သို့) ၀ယ်ယူမည့် ကုန်စည် နှင့် ၀န်ဆောင်မှုများပါဝင်သည်။ ကျွန်ုပ်တို့သည် ရှေးယခင်က ယင်းတို့အား ပုံစံအမျိုးမျိုးဖြင့် ၀ယ်ယူရောင်းချခဲ့ရာမှ ယနေ့မျက်မှောက်ခေတ်ကာလ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတတ်လာသည်နှင့်အမျှ ကမ္ဘာနှင့်အ၀ှမ်း ကုန်သွယ်မှု ၀န်ဆောင်မှုများစသည်တို့အား လုပ်ဆောင်ရန်ကြိုးပမ်းလာကြသည် ။ နည်းပညာတိုးတတ်ဖွံ့ဖြိုးခြင်းသည် ယင်းနည်းပညာအား အသုံးပြုခြင်းအပေါ်တွင်များစွာမှီခိုသည် ။နည်းပညာအားအသုံးပြုသောဈေးကွက်နှင်အပြိုင် အချိန်နှင့်တပြေးညီ နည်ပညာများတိုးတတ်လျက်ရှိသည် ။ အထူးသဖြင့် ကျွန်ုပ်တို့ အိုင်တီနည်းပညာ ပင်ဖြစ်သည် ။ ထို့ကြောင့် အိုင်တီနည်းပညာများ ဖွံ့ဖြိုးတိုးတတ်လာစေရန်အတွက် နည်းပညာဈေးကွက်များ အားကျွန်ုပ်တို့ဖန်တီးဖို့လိုအပ်သည်။ အွန်လိုင်းဈေးကွက်ဟုဆိုရာ၌ ကုန်ပစ္စည်းများ သာမက ၀န်ဆောင်မှုလုပ်ငန်းများပါပါဝင်သည် ။ သတိပြုရန်မှာ သတင်းအချက်အလက်နည်းပညာ ဖြစ်သဖြင့် ကျွန်ုပ်တို့ ဖန်တီးသော အွန်လိုင်း ဈေးကွက်၌ ကိုယ်တိုင်ထိတွေ့ကိုင်တွယ်၍ မရနိုင်ပေ ။ အိုင်တီနည်းပညာအသုံးပြု၍ စီးပွားရေးလုပ်ငန်းများတွင် ပိုမိုတွင် ကျယ်စွာ ဆောင်ရွက်နိုင်သကဲ့သို့ ထိုသို့ဆောင်ရွက်နိုင်ရန် အထောက်အကူပြုရသည့် အိုင်တီနည်းပညာ ဈေးကွက်မှာလည်းထပ်တူညီမျှ တိုးပွားလာသည် ။ ကျွန်ုပ်တို့နိုင်ငံတွင်လည်း ပြည်တွင်းဈေးကွက်အနေနှင့် offline အခြေအနေတွင် အသင့်အတင့် အနေအထားတွင် ရှိနေပြီဖြစ်သော်လည်း အွန်လိုင်း အခြေအနေတွင် စတင်နေဆဲအခြေအနေ၌ သာရှိနေသေးသည်။ လက်ရှိအခြေအနေအရ ကျွန်ုပ်တို့ မြန်မာနိုင်ငံရှိ အိုင်တီဆိုင်ရာဝဘ်ဆိုဒ်များမှ information ပေးနိုင်ရုံအဆင့်၌သာရှိနေပြီး Application များအသုံးပြု၍ ၀န်ဆောင်မှုပေးနိုင်ခြင်းမှာ လွန်စွာမှနည်းပါးလှသည် ။ ထို့အပြင် E-government , E-education စသည်တို့သည်လည်း အွန်လိုင်း ၀န်ဆောင်မှုလုပ်ငန်းများတွင် အရေးပါသောကဏ္ဍမှပါဝင်လျက်ရှိသည် ။ E-Dform နှင့် w.b.t.s တို့မှာ အွန်လိုင်း application များအသုံးပြု၍ ၀န်ဆောင်မှုပေးသော ဥပမာများပင်ဖြစ်သည် ။
အီလက်ထရောနစ် ငွေပေးချေမှု
Electronic Payment ဆိုသည်မှာ တနည်းအားဖြင့် အမျိုးမျိုးသော ဖြစ်နိုင်ချေရှိသည့် ၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များအား စုစည်းဖော်ပြထားသော စကားလုံးပင်ဖြစ်သည် ။ထို့အပြင် အွန်လိုင်း ကုန်သွယ်ရောင်းချသူများနှင့် e-commerce websites များ အကြား တွင် အသုံးပြုသည့် application ၏ငွေလွှဲပြောင်း ပေးချေမှု လုပ်ငန်းစဉ်ပင်ဖြစ်သည် ။ အွန်လိုင်း စီးပွားရေးလုပ်ငန်းအားလုံး၌ မရှိမဖြစ် လိုအပ် သည်မှာ Electronic Payment လုပ်ငန်းစဉ်အားလျှင်လျှင်မြန်မြန် နှင့် လုံခြုံစိတ်ချမှု အတတ်နိုင် ဆုံးရရှိနိုင်ရန် ပင်ဖြစ်သည် ။ စီးပွားရေးလုပ်ငန်းများအနေနှင့် ၄င်းတို့၏ လုပ်ငန်းများတွင် သုံးစွဲသူ ကြိုက်နှစ်သက်သည့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်အား အသုံးပြုနိုင်ရန်စီစဉ်ထားခြင်းဖြင့် ပိုမိုအကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်သည်
ဥပမာအားဖြင့် အကြွေးကဒ်ဖြင့် ၀ယ်ယူလိုသူအား အကြွေးကဒ်ဖြင့် ရောင်းချနိင်ရန်နှင့် ငွေစုကဒ်ဖြင့် ၀ယ်ယူလိုသူအား ငွေစုကဒ်ဖြင့် ၀ယ်ယူနိုင်စေခြင်းပင်ဖြစ်သည် ။ အီလက်ထရောနစ်ငွေပေးခြေမှု စနစ်သည်ငွေစက္ကူများစွာ ကိုင်ဆောင်၍၀ယ်ယူရခြင်းထက် ပိုမိုအဆင်ပြေလွယ်ကူ၍ ငွေစီးဆင်းမှုကို တိုးတက်စေသည် ။ ထို့အပြင် ထိန်းသိမ်းဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကိုလည်းလျော့ချနိုင်မည်ဖြစ်သည် ။ ဤတွင် ထိန်းသိမ်းမှုဟုဆိုရာ၌ ငွေစက္ကူထုတ်လုပ်ရာတွင်အသုံးပြု သည့် ကုန်ကြမ်းစက္ကူ၏ တန်ဖိုးသည်ကြီးမားသဖြင့် အကြွေရှားပါး၍ ကုန်ဈေးနှုန်းမသိမသာမှ သိသိသာသာသို့မြင့်တတ်ခြင်းကိုလည်း အထိုက်အလျောက် လျော့ကျစေမည်ဖြစ်သည် ။ဤသို့ဆိုရာတွင် E-Money နှင့် E-Payment တို့၏သဘောသဘာဝ ကွာခြားမှုကိုနားလည်ထားရန် လိုအပ်ပေသည်။ E-Money သည် အီလက်ထရောနစ် ငွေကြေးဖြစ် ပြီး E-Payment ဟူသည် အီလက်ထရောနစ် ငွေပေးချေမှုဖြစ်သည် ။ အီလက်ထရောနစ်ငွေကြေးအား E-money အပြင် ၊ electronic currency, digital money, digital cash or digital currency စသည်ဖြင့်လည်းခေါ်ဝေါ်ကြသည် ။ တနည်းအားဖြင့် အီလက်ထရောနစ် နည်းဖြင့်သာ ထုတ်ယူ လွှဲပြောင်း သုံးစွဲနိုင်သော ငွေ နှင့်အကြွေများဖြစ်သည် ။ယေဘုယျအားဖြင့် ကွန်ပျူတာကွန်ယက် များ အင်တာနက်ကွန်ယက် များနှင့် Digitally အားဖြင့် တန်ဖိုးအားသတ်မှတ် သိမ်းဆည်းထားသည့် စနစ်များပါဝင်သည် ။ Electronic Funds Transfer (EFT) နှင့် direct deposit စသည်တိုသည့် အီလက်ထရောနစ်ငွေကြေးအား အသုံးပြုသည့်စနစ်များပင်ဖြစ်သည် ။ အီလက်ထရောနစ်ငွေကြေးဟု ဆိုရာတွင် သတ်မှတ်ထားသောငွေပေးခြေမှု နည်းလမ်းများ၏လုပ်ဆောင်နိုင်မှုများကိုလိုက်၍ Online Payment နှင့် Offline Payment ဟူ၍ နှစ်မျိုးရှိနိုင်သည် ။ အင်တာနက်ကွန်ယက်မှသော်လည်းကောင်း ကွန်ပျူတာကွန်ယက် မှသော်လည်းကောင်းအချိန်မရွေး နေရာမရွေးမှ အသုံးပြုနိင်သောငွေကြေးစနစ်ကို Online Payment ဟုဆိုနိုင်သည် ။ ယေဘုယျဆိုရလျှင် ငွေပေးချေမှုလုပ်ငန်းစဉ်တွင် ကြားခံ third party တစ်ခုခုမှ တဆင့် ဆောင်ရွက်ခြင်း အားဆိုလိုသည် ။ဥပမာအားဖြင့် ဘဏ်မှတဆင့်သော်လည်းကောင်း ၊ အကြွေးကဒ် သို့ ငွေစုကဒ်မှတဆင့်သော်လည်းကောင်း၊ ငွေပေးသူနှင့် ငွေလက်ခံရရှိသူကြားဆက်နွယ်မှုတွင် မည်သည့်ကြားခံ ဆက်သွယ်မှုကိုမဆို အသုံးပြုပြီး ဆောင်ရွက်ခြင်းအား အွန်လိုင်းငွေပေးခြေမှုဟု သတ်မှတ်နိုင်သည် ။ ငွေလွှဲပြောင်းပေးချေမှု ဖြစ်စဉ်အတွင်း မည်သည့်ကြားခံဆက်သွယ်မှုကိုမှ အသုံးပြုခြင်းမရှိသည့် ငွေပေးချေမှု နည်းလမ်းကိုမူ အော့ဖ်လိုင်း ငွေပေးချေမှုဟု သတ်မှတ်ရပေမည် ။
အီလက်ထရောနစ်ငွေပေးခြေမှုစနစ်များအား ယေဘူယျအားဖြင့် သုံးမျိုးခွဲခြားနိုင်သည် ။ Traditional Money Transactions ၊ Credit-Debit payments များနှင့် Digital Currency ဟူ၍ဖြစ်သည် ။
အွန်လိုင်းငွေပေးချေမှု
အွန်လိုင်းငွေပေးချေမှုသည် Electronic-payment ၏တစိတ်တဒေသပင်ဖြစ်သည် ။online payment ဆိုသည်မှာ တန်ဖိုးအား digitally အားဖြင့် ကိန်းဂဏန်းသတ်မှတ်၍ အင်တာနက်မှတဆင့်သော်လည်းကောင်း ၊ ကွန်ပျူတာကွန်ယက် တစ်ခုခုမှသော်လည်းကောင်း လွှဲပြောင်းပေးချေနိုင်သောစနစ်ပင်ဖြစ်သည် ။ ထိုသို့ပေးချေရာတွင် ထိုငွေကြေးသည် မိမိလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိခြင်းမျိုးမဟုတ်ဘဲ Centralized အားဖြင့် အသုံးပြုသောဘဏ်သို့ သော်လည်းကောင်း သို့မဟုတ် ကြားခံဆောင်ရွက်ပေးသော service provider မှတဆင့် ဘဏ်ရှိမိမိငွေစာရင်းသို့ သော်လည်းကောင်း လွှဲပြောင်းပေးနိုင်သည် ။ Paypal, eGold နှင့် MoneyBookers တို့သည် လူသိများသော online payment service provider များဖြစ်သည် ။ ယေဘုယျအားဖြင့် အွန်လိုင်းငွေပေးချေမှုစနစ်သည် ဘဏ်များအပေါ်တွင်အဓိကမှီခိုသည် ။ မည့်သို့အွန်လိုင်းမှ တဆင့်ပေးချေသော ငွေပေးချေမှုမဆို ဘဏ်နှင့် တိုက်ရိုက်ဆက်သွယ်နေသည် ။ ငွေပေးချေမှုဟုဆိုရာ၌ လွှဲပြောင်းပေးအပ်ခြင်းနှင့် လက်ခံရယူခြင်း သာရှိသည်။ အွန်လိုင်းငွေပေးချေမှုတွင်လည်း ငွေပေးချေသူ၏ ဘဏ်အကောင့်မှတဆင့်လက်ခံသူ၏ဘဏ်အကောင့်ဆီသို့ ပို့ဆောင်ပေးခြင်းအား အင်တာနက် ကွန်ယက်မှ တဆင့် ဆောင်ရွက်ခြင်းပင်ဖြစ်သည် ။ငွေပေးသူနှင့် လက်ခံသူအကြားဆောင်ရွက်ပေးသည့် Payment Service Provider က လွှဲပြောင်းပေးချေမှုဖြစ်စဉ် အားတာဝန်ယူရသည် ။ ငွေပေးသူ သည် မိမိဘဏ်အကောင့်မှ တဆင့်ဖြစ်စေ ၊ Credit/Debit ကဒ်မှတဆင့်ဖြစ်စေ ငွေအား PVP သို့လွှဲပေးပြီး ယင်းရှိ လက်ခံသူအကောင့်ထဲသို့ ငွေပမာဏအားလွှဲပြောင်းပေးသည် ။ ထိုမှတဆင့် PVP က လက်ခံသူ၏ဘဏ်အကောင့်သို့ တာဝန်ယူ လွှဲပြောင်းပေးသည် ။ ထိုသို့လွှဲပြောင်းမှုဖြစ်စဉ်အား အကြမ်းဖြင်းအားဖြင့် နည်းလမ်းသုံးမျိုးဖြင့် ရှုမြင်နိုင်သည် ။
1. One-time Customer to Vendor payment
2. Recurring Customer to Vendor payment
3. Automatic bank to vendor payment တို့ဖြစ်သည် ။
One-time Customer to Vendor payment
စနစ်သည် အသုံးများသော နည်းလမ်းဖြစ်သည် ။ကျွန်ုပ်တို့ အင်တာနက် ရှိ e-commerce ဆိုဒ်တစ်ခုမှကုန်ပစ္စည်းတစ်ခုခုဝယ်ယူသော်အခါ အသုံးပြုသည့်နည်းလမ်းပင်ဖြစ်သည် ။ ယင်းဆိုဒ်ရှိ check out system ၏ shopping card icon ကိုကလစ်လုပ်၍ ကျွန်ုပ်တို့၏ credit card information နှင့်ငွေပမာဏ အားပေး၍ ကျွန်ုပ်တို့ပေးအပ်သောငွေပမာဏအားလက်ခံရရှိသောအခါ လက်ခံရရှိကြောင်း e-mail notification ပြန်လည်ပေးပို့လိမ့်မည် ။တစ်ချို့ဝဘ်ဆိုဒ်များတွင် Credit-Card အစား e-check အားအသုံးပြုနိုင်သည့် feature များပါဝင်တတ်သည် ။
Recurring Customer-to-vendor
ယင်းနည်းလမ်းအား ပုံမှန်အားဖြင့်ပေးချေရမည့် bill များပေးချေမှုတွင်အများဆုံးတွေ့ရသည် ။ ဥပမာအားဖြင့် အာမခံကြေး ၊ Phone bill နှင့် အတိုးငွေများအားစီမံခန့်ခွဲသည့် ကုမ္ပဏီများ၌ အသုံးပြုကြသည် ။ တစ်ချို့ ကာလရှည် စာချုပ်စာတမ်းများတွင် အလိုလျောက်ပုံမှန်အားဖြင့် ပေးချေရမည့် schedule များလိုအပ်သည် ။
Automatic Bank-to-vendor payment
Online bill ဆောင်ခြင်းအား ဆောင်ရွက်ပေးနိုင်သောဘဏ်မှတဆင့် လစဉ် သတ်မှတ်ထားသောနေ့တွင် သတ်မှတ်ထားသောငွေပမာဏအားလက်ခံသူသို့ အလိုလျောက်လွှဲပြောင်းပေးနိုင်သည့် နည်းလမ်းဖြစ်သည် ။ယင်းနည်းလမ်းအားအသုံးပြုခြင်းဖြင့် ကြိမ်ဖန်များစွာ bank web site သို့ log on ပြုလုပ်ရခြင်း ၊ ငွေလက်ခံသူ၏ အချက်အလက်များ ပေးရခြင်း နှင့် မိမိငွေစာရင်းမှ ငွေလက်ခံသူ၏ ငွေစာရင်းသို့လွှဲပြောင်းခြင်းအား လုပ်ဆောင်ခွင့်ပေးခြင်းတို့အား သက်သာစေမည်ဖြစ်သည် ။
Requirement in Online Payment Systems
၁. လုံခြမှု ( Security ) အဓိကအကျဆုံးလိုအပ်ချက်ပင်ဖြစ်သည် ။ Electronic Currency သည် Digital အားဖြင့် သတ်မှတ်ထားသော Data သာဖြစ်သည်။ သို့ဖြစ်၍ လွယ်ကူစွာ Copy ပွားနိုင်သည် ။ငွေပေးချေသည့်အခါ ငွေလက်ခံသူထံသို့မရောက်ရှိဘဲ လမ်းခရီးမှတဆင့်အခြားသူတစ်ဦးဦးထံသို့ လမ်းကြောင်းပြောင်းလဲသွားခြင်းမဖြစ်ပေါ်စေရန် အထူးသတိပြုရန်လိုအပ်သည် ။ ငွေလွှဲပြောင်းမှုဖြစ်စဉ် အတွင်း step by step procedure များတွင် ဖြစ်စဉ်တစ်ခုအား အခြားဖြစ်စဉ်တစ်ခုမှ အကာအကွယ် ပေးထား ရန်လိုအပ်သည် ။ ဖြစ်စဉ်တစ်ခုနှင့်တစ်ခုအကြားယုံကြည်စိတ်ချစွာ ကူပြောင်းခြင်းအား နည်းနိုင်သမျှ နည်းစေရန်ဆောင်ရွက်ရမည် ။အွန်လိုင်ငွေလွှဲပြောင်းမှုများတွင် များသောအားဖြင့် Secure Electronic Transactions Protocol (SET) နှင့် SSL Secure Sockets Layer တို့အားအသုံးပြုကြသည် ။
၂.လက်ခံနိုင်မှု (Acceptability) နယ်ပယ်အသီးသီးမှ payment system အားလက်ခံ အသုံးပြုရန် သည်လည်းအဓိကအားဖြင့်လိုအပ်ချက်တစ်ခုပင်ဖြစ်သည် ။
၃.အဆင်ပြေနိုင်မှု (Convenience) ဤတွင် ငွေပမဏ အနည်းငယ် ပင်ဖြစ်စေ လက်ခံ ဆောင်ရွက် ပေးနိုင်ရမည် ။ ထိုသို့ဆောင်ရွက်ရာတွင် process time ကြာမြင့်မှုကို တတ်နိုင်သမျှလျော့ချ နိုင်ရမည်ဖြစ်သည်။ ထို့အပြင် ယုံကြည်အားထားနိုင်ခြင်း ၊ ငွေပမာဏအားထပ်မခံခွဲခြမ်းစိတ်ဖြာနိုင်ခြင်း တို့သည် အရေးပါသော ကဏ္ဍတွင်ပါဝင်သည် ။ သို့ရာတွင် Security နှင့် Convenience တို့သည် ပြောင်းပြန်အချိုးကျသည်ဖြစ်ရာ လုံခြုံမှုအား တင်းကျပ်လျှင် အဆင်ပြေမှု လျော့နည်းသွားနိုင်သလို အဆင်ပြေမှုအား အဓိကထားလျှင်လည်း လုံခြုံမှုလျော့နည်းနိုင်သည်ကို သတိပြုရန်လိုအပ်သည် ။
၎.ကုန်ကျစရိတ်(Cost) ကုန်ကျစရိတ်သည်လည်း အဓိက စဉ်းစားရမည့် အချက်တွင် ပါဝင်သည်။ လွှဲပြောင်းမှုဖြစ်စဉ်တွင် အပိုကုန်ကျမှုများအားတတ်နိုင်သမျှလျော့ချရမည်။ လွှဲပြောင်းသည့် ငွေပမဏတွင်ယင်းလွှဲပြောင်းမှုအတွက်ကုန်ကျစရိတ်အား Customer ဖက်မှသော်လည်းကောင်း merchant ဖက်မှသော်လည်းကောင်း ၊ (သို့) အခြား ကြားခံဆောင်ရွက်သူမှ သော်လည်းကောင်း တပါတည်းပါဝင် စေရမည်။
၅. Durability အီလက်ထရောနစ်ငွေကြေးသည်လွယ်ကူစွာမဆုံးရှုံးသင့်ပေ ။ ဥပမာအားဖြင့် system crash ဖြစ်ချိန်တွင် လွှဲပြောင်းမှု ရပ်တန့်သွားခြင်းအားဖယ်ရှားပစ်နိုင်ရမည် ။
လက်ရှိအခြေအနေနှင့် ဖြစ်လာနိုင်ချေ
လက်ရှိကျွနုပ်တို့၏ အခြေအနေအားဖြင့် အထက်ဖေါ်ပြပါ အွန်လိုင်း ဈေးကွက်နှင့် အွန်လိုင်း ငွေပေးချေမှုများသည် မရှိသလောက်ပင်ရှားပါးသည် ။ ဈေးကွက်အနေဖြင့် လက်ရှိအခြေအနေ အားဖြင့် Entertainment လုပ်ငန်းများတွင် အစပြုဆောင်ရွက်နေသည်ကိုတွေ့ရှိရပြီး ငွေပေးချေမှုအနေဖြင့် Mail order System ကိုသာအဓိကအားထားအသုံးပြုနေကြရဆဲဖြစ်သည် ။ အွန်လိုင်း အသုံးချ ဆော့ဝ်၀ဲများကို အသုံးချ၍ ကုန်စည်များကို ရောင်းဝယ်ဖောက်ကားခြင်းထက် ၀န်ဆောင်မှု လုပ်ငန်းများ အား ဆောင်ရွက်ခြင်းက သာလျှင် အွန်လိုင်းဈေးကွက်နှင့် ငွေပေးချေမှုကိုစတင်ရန် ပို၍သင့်တော်သည် ။
Starting Online Market by freelance (freelance ဖြင့် online market အားအစပြုခြင်း)
Globalization အရ ယခုအခါတွင်ကျွန်ုပ်တို့သည်လည်း အများနည်းတူ လုပ်ဆောင်ရန်အခွင့်အရေးများအား မိမိရရအသုံးချနိုင်ရန်စဉ်းစားကြရမည် ။ IT လုပ်ငန်းများတွင်လည်း အထူးသဖြင့် Software & Web development စသည်တို့အတွက် Outsourcing project များစွာရှိရာ မိမိအရည်အချင်းအလိုက် ဆောင်ရွက်လုပ်ကိုင်နိုင်ပြီဖြစ်ရာ အွန်လိုင်းဈေးကွက်မှတဆင့် ကျွန်ုပ်တို့ ငွေကြေးရရှိအောင် ဆောင်ရွက်နိုင်ပြီဖြစ်သည် ။ ယင်း outsourcing project များအား တစ်စုံတစ်ဦး(သို့)အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူ၍ ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွက် localization အဖြစ်ပြန်လည်ဖန်တီးဆောင်ရွက် ပေးနိုင်မည်ဆိုပါက အထက်ကဆိုခဲ့သည့်အတိုင်း အွန်လိုင်းမှတဆင့် ၀န်ဆောင်မှုဈေးကွက်အား အိုင်တီ နယ်ပယ်တွင် အစပြုဖော်ဆောင်နိုင်ပေမည် ။ ယင်းဈေးကွက်မှတဆင့် ငွေပေးချေမှုအား virtual money မှတဆင့် actual money သို့ပြန်လည်ဖန်တီးပေးနိုင်ရန်လိုအပ်သည် ။ အွန်လိုင်းဝန်ဆောင်မှု ဈေးကွက်မှတဆင့်မိမိဆောင်ရွက်ထားသော ၀န်ဆောင်မှု အလိုက်ရရှိသည့် ငွေကြေးပမာဏ အား သတ်မှတ်ထားသည့် အတိုင်းအတာနှင့်အချိန်ကာလတွင် ယင်းအဖွဲ့အစည်း (သို့) ယင်းပုဂ္ဂိုလ်ထံမှ ပြန်လည်ထုတ်ယူနိုင်ရန်လိုအပ်သည် ။ ထို့အပြင် မိမိပြန်လည်လွှဲပြောင်းပေးလိုသူ၏ Account ဆီသို့လွှဲပြောင်းပေးနိုင်ရန်လိုအပ်သည် ။ ဤသို့ဆောင်ရွက်ခြင်းသည် အွန်လိုင်းတွင်မိမိ၏ ပိုင်ဆိုင်မှု အား ကိန်းဂဏန်းဖြင့် သိမ်းဆည်းထားနိုင်ခြင်း လွှဲပြောင်းပေးနိုင်ခြင်း နှင့် အင်တာနက်အားအသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းအသစ်များဖန်တီးတည်ဆောက်ခြင်းတို့၏ ရေသောက်မြစ် ဖြစ်နိုင်မည်ဟု စာရေးသူကျွန်ုပ်ထင်မြင်ယူဆမိပါသည် ။
I really liked this post. Can I copy it to my site? Thank you in advance.